ဖုန်းရွှေပညာရပ်ရဲ့ နက်နဲ အသေးစိတ်တဲ့ သဘောတရားတွေကို မလေ့လာခင်မှာ မသိမဖြစ် သိသင့်တဲ့ ဖုန်းရွှေရဲ့ အခြေခံ သဘောတရား ၃ ရပ် (3 Basic Principles) ကို လေ့လာကြပါမယ်။ အနောက်တိုင်းက သိပ္ပံပညာရှင်တွေက ကိစ္စရပ်တွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော ဖော်မြူလာ ဖြစ်တဲ့ “အရာရာတိုင်းရဲ့ သီအိုရီ၊ Theory of Everything” ဆိုတာကို ခုချိန်ထိ ရှာဖွေနေကြဆဲပါ။ ဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က မွေးဖွားလာခဲ့တဲ့ ဖုန်းရွှေပညာက အရာရာတိုင်းနဲ့ ပတ်သက်တဲ့ သဘောတရား ၃ ရပ်ကို ချမှတ်ထားရုံမျှမက လက်တွေ့နယ်ပယ်အထိ အသုံးချနေတာကို တွေ့ရပါလိမ့်မယ်။ ဒီသဘောတရား သုံးရပ်ကတော့...
- အရာရာတိုင်းဟာ သက်ဝင်လှုပ်ရှားနေတယ် - Everything is alive
- အရာရာတိုင်းဟာ ချိတ်ဆက်နေကြတယ် - Everything is connected
- အရာရာတိုင်းဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် - Everything is constantly changing